Friday, 4 December 2015

မြန်မာပရိသတ်တွေ စိတ်မပျက်ရအောင် ကြိုးစားသွားမယ်လို့ ကတိပေးလိုက်တဲ့ ဗီယက်နမ်မယ် ငုရင်ထရန်ဟုရန်မေ

ရုပ်ရှင်ဇာတ်ကားကြီးအတွက် မြန်မာနိုင်ငံရဲ့ အနုပညာလောကထဲမှာ ဟုန်းဟုန်းတောက် အောင်မြင်ကျော်ကြားပြီး နှုတ်ခမ်းနီမလေးရဲ့ ချစ်ခင်မှုနဲ့အားပေးမှုကို ရရှိနေဆဲဖြစ်တဲ့ အကယ်ဒမီ နေတိုးနဲ့အတူ ပြစ်မျိုးမှဲ့မထင် လှပပြီး  မြန်မာပြည်ပရိသတ်တွေ သာမက ကမ္ဘာပေါ်က ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ခံနေရတဲ့ Miss Universe  ဗီယက်နမ် ၂၀၁၄ အလှမယ် ငုရင်ထရန်ဟုရန်မေ နဲ့အတူ ၂၀၁၆ မှာ ရိုက်ကူးမဲ့ မြန်မာ ဗီယက်နမ် ရုပ်ရှင်ဇာတ်ကားကြီးအတွက် စာနယ်ဇင်းမိတ်ဆက်တွေ့ဆုံပွဲအခမ်းအနားကို ( ၂.၁၂.၁၅ ) ရက်နေ့ နေ့လည် ၁ နာရီတွင်တော်ဝင်ဂါးဒင်းဟိုတယ်မှာ အနုပညာမောင်နှမတွေ စုံစုံလင်လင်နဲ့ စည်ကားသိုက်မြိုက်စွာ တွေ့ဆုံ ကျင်းပခဲ့ပါတယ်။လူမှုကွန်ယက် စာမျက်နှာပေါ်က အလှဓာတ်ပုံတွေကတစ်ဆင့် ပရိသတ်ရဲ့ ချစ်ခင်မှုနဲ့အားပေးမှုကို ရရှိခဲ့သော ဗီယက်နမ် အလှမယ် ငုရင်ထရန်ဟုရန်မေဟာ စာနယ်ဇင်းရှင်းလင်းပွဲအတွက် မြန်မာနိုင်ငံကို ဒီဇင်ဘာ ၁ ရက်နေ့ ညနေခြောက်နာရီခွဲမှာ ရောက်ရှိခဲ့ပြီး ဒီဇင်ဘာ နှစ်ရက်နေ့တုန်းကတော့ ရွှေတိဂုံ ဘုရားသို့သွားရောက်ဖူးမျှော်ခဲ့သလို ရွှေတိဂုံဘုရားအောင်မြေမှာ ဘုရားဝတ်ပြုကန်တော့ခဲ့တဲ့အပြင် မွေးနံ တနင်္လာထောင့်မှာ လဲ ရေသပ္ပာယ်ခဲ့ပါတယ်။ နေ့လည် ၁ နာရီ စာနယ်ဇင်းရှင်းလင်းပြီးအပြီး သူမနဲ့  မီဒီယာတွေ တွေ့ဆုံချိန် သိချင်တာတွေ မေးမြန်းဖြစ်တဲ့အခါ-မြန်မာပရိသတ်တွေ အရမ်းအားပေးတာကို တွေ့ရတော့ ဘယ်လိုခံစားရပါသလဲ။ပထမဦးဆုံး မြန်မာနိုင်ငံကို မလာခင်တုန်းက အရမ်းစိုးရိမ်ခဲ့ပါတယ်။ အမှားတွေ လာတွေလုပ်မိမှာကို အရမ်းစိုးရိမ်ခဲ့ပါတယ်။ မြန်မာပရိသတ်တွေကို ကိုယ့်ကို ညိုညင်စိတ်ပျက်သွားမှာ စိုးလို့ပါ။ ဒါပေမဲ့ အခုရောက်လာတဲ့ အချိန်မှာတော့ ပရိသတ်တွေက အရမ်းကို ရင်းရင်းနှီးနှီးနွေးနွေးထွေးထွေးနဲ့ကြိုဆိုတဲ့ အတွက်ကြောင့်မို့လို့အရမ်းကို ၀မ်းသာမိပါတယ်။-မြန်မာနိုင်ငံမှာ ရုပ်ရှင်ကားကြီးရိုက်ဖို့အတွက် ကမ်းလှမ်းခံရတာတွေကို ဗီယက်နမ် မီဒီယာတွေရောသိလား။ ဒီသတင်းအပေါ်မှာ ဘယ်လိုတုန့်ပြန်မှုပေးကြလဲ။ကျွန်မ ဒီရောက်နေတဲ့ အချိန်မှာ ဖေ့စ်ဘွတ်ကနေ အမြဲ update လုပ်နေတာမို့ ဗီယက်နမ် မီဒီယာကလဲ သိပါတယ်။ ဗီယက်နမ်ပြည်သူတွေကလဲ သိရှိပါတယ်။ ဒီရုပ်ရှင်ကားကနေတစ်ဆင့် ဗီယက်နမ်နဲ့ မြန်မာနှစ်နိုင်ငံကြားမှာ ရင်းနှီးမှုတွေ ပိုပြီး တိုးတက်လာလိမ့်မယ်လို့မျှော်လင့်ပါတယ်။-ကိုနေတိုးကို ပြောမယ်ဆိုရင် မြန်မာနိုင်ငံမှာ စူပါမင်းသား၊ သရုပ်ဆောင်ပိုင်းမှာ သူ့ထက်စာရင် ပိုအတွေ့အကြုံရှိတယ်ဆိုတော့ ကိုနေတိုးဆီကနေ သူဘယ်လိုအတွေ့အကြုံတွေရမလဲ။ မင်းသားကြီးနဲ့တွဲဖက်သရုပ်ဆောင်ရမယ့်အတွက် စိုးရိမ်စိတ်ရောရှိလား။ကိုနေတိုးက ၀ါရင့်သရုပ်ဆောင်ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ကျွန်မဖက်က စတင် သရုပ်ဆောင်ရမယ်လို့ သိရချိန်မှာ စိတ်တက်ကြွမိပါတယ်။ ဒီရုပ်ရှင်ကားမှာလဲ ကျွန်မအတွက် အနုပညာ အတွေ့အကြုံတွေလဲ အများကြီးရမယ်။ လုပ်ကွက်တွေလဲ ရှိတဲ့အတွက်ကြောင့် ကျွန်မ ဒီဇာတ်ကားကို လက်ခံခဲ့တာပါ။ Miss ဗီယက်နမ် First Runner Up တစ်ယောက်အနေနဲ့ မြန်မာနဲ့ဗီယက်နမ် နှစ်နိုင်ငံဆက်ဆံရေးက ကျွန်မရဲ့ တာဝန်လို့ယူဆထားပါတယ်။-မြန်မာပရိသတ်တွေကို ဘာပြောချင်ပါသလဲ။မြန်မာနိုင်ငံကို ပထမဆုံးရောက်လာတဲ့အချိန် လေဆိပ်မှာ ရရှိခဲ့တဲ့ လှိုက်လှိုက်လှဲလှဲကြိုဆိုမှုတွေကြောင့်မို့ အရမ်းကိုကျေနပ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှု စိတ်မပျက်ရအောင် ကြိုးစားသွား ပါမယ်။ နောင်တစ်ချိန် ပြန်လာတဲ့အခါကျရင်လဲ ဒီလိုမျိုး လှိုက်လှဲတဲ့ကြိုဆိုမှုတွေနဲ့ကြိုဆိုကြပါဦး။ မြန်မာပရိသတ်တွေကိုလဲ အရမ်းချစ်ပါတယ်။ အားပေးကြပါဦးရှင်။

အိမ်​အမြဲသန့်​ရှင်း​နေ​အောင်​ လိုက်​နာသင့်​တဲ့အချက်​(၉)

အိမ်အမြဲသန့်ရှင်းနေအောင် လိုက်နာသင့်တဲ့ အချက် (၉)ချက်

မိမိရဲ့အိမ်လေးဟာ သန့်ရှင်းသပ်ရပ်နေပြီး နေချင်စဖွယ် ဖြစ်နေရင် အလိုလို စိတ်ကြည်နှုးမှု ရရှိပြီး နေပျော်မှာပါ။ အဲ့တာကြောင့် အိမ်သန့်ရှင်းအောင်နေ့စဉ်ပြုမူ၊ လိုက်နာသင့်တဲ့ အချက် (၉) ချက်ကိုဖော်ပြပေးလိုက်ပါတယ်........

၁။ မနက်ထတာနဲ့အိပ်ယာသိမ်းပါ။ အိပ်ယာသိမ်းတာ ၅မိနစ်လောက်ပဲကြာပါတယ်။ မနက်ကတည်းက အိပ်ယာမသိမ်းခဲ့ရင် အလုပ်ကနေ ပင်ပင်ပန်းပန်းပြန်လာတဲ့အခါ ရှုပ်ပွနေတဲ့ အိပ်ယာကိုကြည့်ပြီး ပိုစိတ်ရှုပ်သွားတတ်ပါတယ်။

၂။ တစ်နေ့အ၀တ်တစ်နေ့လျှော်ပါ။ ရေချိုးရင်းနဲ့အဝတ်နှစ်ထည်၊ သုံးထည်လျှော်တာကတစ်ပတ်စာလုံးစုလျှော်တာ ထက်စာရင် အချိန်ရော၊ လူရော သက်သာပါတယ်။

၃။ ညစာအတွက်မနက်ကတည်းက စဉ်းစားထားပါ။ ဒါကလည်း အချိန်ကုန်သက်သာစေတဲ့ နည်းတစ်မျိုးဖြစ်ပါတယ်။

၎။ အပြင်သွားတဲ့အခါ ဘာတွေလုပ်ရမယ်ဆိုတာကို စာရင်းလုပ်ထားပါ။ လုပ်စရာတွေလည်း မကျန်တော့ဘူးပေါ့။ တစ်ခုလုပ်ပြီးမှ နောက်တစ်ခုလုပ်ဖို့စဉ်းစားရင်သွားပြီးသား လမ်းကိုနှစ်ခါပြန်သွားရတာမျိုးဖြစ်ပြီး အချိန်ကုန်ပါတယ်။ တစ်ခုပြီးတစ်ခုဆက်တိုက်လုပ်ရတော့ ရေရှည်မှာ အချိန်ပိုတွေ အများကြီးထွက်လာပါလိမ့်မယ်။

၅။ ညစာစားပြီးတဲ့အခါ မီးဖိုချောင်ကိုသန့်ရှင်းအောင်လုပ်ခဲ့ပါ။ တစ်နေကုန်ပင်ပန်းနေလို့မနက်မှပဲ ပန်းကန်ဆေးတော့မယ်ဆိုပြီး ထားထားတာမျိုး၊ မနက်ကျလည်းပြန်သုံးရမှာပါလေဆိုပြီး စနစ်တကျမသိမ်းဘဲ မထားခဲ့ပါနဲ့။ မနက်ဖြန်ကိုသင်မြင်ရတာမဟုတ်ပါဘူး။ သင်မထင်မှတ်ဘဲ မနက်အိပ်ယာထနောက်ကျသွားတာမျိုး၊ အရေးကြီးကိစ္စတစ်ခုခုပေါ်လာလို့ မြန်မြန်သွားရတော့မယ်ဆိုရင်သင်မထင်ထားတဲ့ အရာတွေက သင့်ကိုနှောင့်နှေးစေတာပါ။

၆။ သူ့အချိန်နဲ့သူသတ်မှတ်ထားပြီး သတ်မှတ်ထားတဲ့အတိုင်းလုပ်ပါ။ ဘယ်အချိန်ကနေဘယ်အချိန်ထိတော့ TVကြည့်မယ်၊ စာဖတ်မယ်ဆိုပြီး အချိန်ဇယားထားရှိပါ။ ဒါဆိုအလုပ်အများကြီးကို ပုံမှန်လုပ်ဖြစ်တဲ့အတွက် ရေရှည်မှာ အလုပ်တွေ အများကြီး ပြီးမြောက်တာကိုတွေ့ရပါလိမ့်မယ်။

၇။ မနက်ဝတ်မယ့်အ၀တ်အစားကို ညကတည်းက ထုတ်ထားပါ။ အ၀တ်အစားထုတ်တာ မကြာဘူးလို့ ထင်ရပေမယ့်ထုတ်ပြီးသားကို ချက်ချင်းဝတ်ရတာလောက် မမြန်မှန်းလုပ်ကြည့်ရင် သိလာပါလိမ့်မယ်။

၈။ အချိန်မှန်အိပ်ပါ။ တစ်ရက်တစ်ရက်နဲ့နောက်ကျတာတွေက သင့်ကျန်းမာရေးကို မသိမသာ ထိခိုက်စေပါတယ်။

၉။ အိပ်ယာဘေးမှာ မှတ်စုစာအုပ်ထားထားပါ။ အနားယူရင်းနဲ့ခေါင်းထဲမှာ တစ်ခုခု ပေါ်လာရင် အဆင်သင့်ချရေးနိုင်အောင် လို့ပါ။

ဒီအချက်လေးတွေက ဘာမှမဟုတ်ဘူးလို့ထင်ရပေမယ့် တကယ် လိုက်နာကြည့်ရင် ရေရှည်မှာ အချိန်ရော၊လူပါ သက်သာစေမယ့် နည်းလမ်းကောင်းတွေဆိုတာ သိလာပါလိမ့်မယ်။