ရုပ်ရှင်ဇာတ်ကားကြီးအတွက် မြန်မာနိုင်ငံရဲ့ အနုပညာလောကထဲမှာ ဟုန်းဟုန်းတောက် အောင်မြင်ကျော်ကြားပြီး နှုတ်ခမ်းနီမလေးရဲ့ ချစ်ခင်မှုနဲ့အားပေးမှုကို ရရှိနေဆဲဖြစ်တဲ့ အကယ်ဒမီ နေတိုးနဲ့အတူ ပြစ်မျိုးမှဲ့မထင် လှပပြီး မြန်မာပြည်ပရိသတ်တွေ သာမက ကမ္ဘာပေါ်က ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ခံနေရတဲ့ Miss Universe ဗီယက်နမ် ၂၀၁၄ အလှမယ် ငုရင်ထရန်ဟုရန်မေ နဲ့အတူ ၂၀၁၆ မှာ ရိုက်ကူးမဲ့ မြန်မာ ဗီယက်နမ် ရုပ်ရှင်ဇာတ်ကားကြီးအတွက် စာနယ်ဇင်းမိတ်ဆက်တွေ့ဆုံပွဲအခမ်းအနားကို ( ၂.၁၂.၁၅ ) ရက်နေ့ နေ့လည် ၁ နာရီတွင်တော်ဝင်ဂါးဒင်းဟိုတယ်မှာ အနုပညာမောင်နှမတွေ စုံစုံလင်လင်နဲ့ စည်ကားသိုက်မြိုက်စွာ တွေ့ဆုံ ကျင်းပခဲ့ပါတယ်။လူမှုကွန်ယက် စာမျက်နှာပေါ်က အလှဓာတ်ပုံတွေကတစ်ဆင့် ပရိသတ်ရဲ့ ချစ်ခင်မှုနဲ့အားပေးမှုကို ရရှိခဲ့သော ဗီယက်နမ် အလှမယ် ငုရင်ထရန်ဟုရန်မေဟာ စာနယ်ဇင်းရှင်းလင်းပွဲအတွက် မြန်မာနိုင်ငံကို ဒီဇင်ဘာ ၁ ရက်နေ့ ညနေခြောက်နာရီခွဲမှာ ရောက်ရှိခဲ့ပြီး ဒီဇင်ဘာ နှစ်ရက်နေ့တုန်းကတော့ ရွှေတိဂုံ ဘုရားသို့သွားရောက်ဖူးမျှော်ခဲ့သလို ရွှေတိဂုံဘုရားအောင်မြေမှာ ဘုရားဝတ်ပြုကန်တော့ခဲ့တဲ့အပြင် မွေးနံ တနင်္လာထောင့်မှာ လဲ ရေသပ္ပာယ်ခဲ့ပါတယ်။ နေ့လည် ၁ နာရီ စာနယ်ဇင်းရှင်းလင်းပြီးအပြီး သူမနဲ့ မီဒီယာတွေ တွေ့ဆုံချိန် သိချင်တာတွေ မေးမြန်းဖြစ်တဲ့အခါ-မြန်မာပရိသတ်တွေ အရမ်းအားပေးတာကို တွေ့ရတော့ ဘယ်လိုခံစားရပါသလဲ။ပထမဦးဆုံး မြန်မာနိုင်ငံကို မလာခင်တုန်းက အရမ်းစိုးရိမ်ခဲ့ပါတယ်။ အမှားတွေ လာတွေလုပ်မိမှာကို အရမ်းစိုးရိမ်ခဲ့ပါတယ်။ မြန်မာပရိသတ်တွေကို ကိုယ့်ကို ညိုညင်စိတ်ပျက်သွားမှာ စိုးလို့ပါ။ ဒါပေမဲ့ အခုရောက်လာတဲ့ အချိန်မှာတော့ ပရိသတ်တွေက အရမ်းကို ရင်းရင်းနှီးနှီးနွေးနွေးထွေးထွေးနဲ့ကြိုဆိုတဲ့ အတွက်ကြောင့်မို့လို့အရမ်းကို ၀မ်းသာမိပါတယ်။-မြန်မာနိုင်ငံမှာ ရုပ်ရှင်ကားကြီးရိုက်ဖို့အတွက် ကမ်းလှမ်းခံရတာတွေကို ဗီယက်နမ် မီဒီယာတွေရောသိလား။ ဒီသတင်းအပေါ်မှာ ဘယ်လိုတုန့်ပြန်မှုပေးကြလဲ။ကျွန်မ ဒီရောက်နေတဲ့ အချိန်မှာ ဖေ့စ်ဘွတ်ကနေ အမြဲ update လုပ်နေတာမို့ ဗီယက်နမ် မီဒီယာကလဲ သိပါတယ်။ ဗီယက်နမ်ပြည်သူတွေကလဲ သိရှိပါတယ်။ ဒီရုပ်ရှင်ကားကနေတစ်ဆင့် ဗီယက်နမ်နဲ့ မြန်မာနှစ်နိုင်ငံကြားမှာ ရင်းနှီးမှုတွေ ပိုပြီး တိုးတက်လာလိမ့်မယ်လို့မျှော်လင့်ပါတယ်။-ကိုနေတိုးကို ပြောမယ်ဆိုရင် မြန်မာနိုင်ငံမှာ စူပါမင်းသား၊ သရုပ်ဆောင်ပိုင်းမှာ သူ့ထက်စာရင် ပိုအတွေ့အကြုံရှိတယ်ဆိုတော့ ကိုနေတိုးဆီကနေ သူဘယ်လိုအတွေ့အကြုံတွေရမလဲ။ မင်းသားကြီးနဲ့တွဲဖက်သရုပ်ဆောင်ရမယ့်အတွက် စိုးရိမ်စိတ်ရောရှိလား။ကိုနေတိုးက ၀ါရင့်သရုပ်ဆောင်ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ကျွန်မဖက်က စတင် သရုပ်ဆောင်ရမယ်လို့ သိရချိန်မှာ စိတ်တက်ကြွမိပါတယ်။ ဒီရုပ်ရှင်ကားမှာလဲ ကျွန်မအတွက် အနုပညာ အတွေ့အကြုံတွေလဲ အများကြီးရမယ်။ လုပ်ကွက်တွေလဲ ရှိတဲ့အတွက်ကြောင့် ကျွန်မ ဒီဇာတ်ကားကို လက်ခံခဲ့တာပါ။ Miss ဗီယက်နမ် First Runner Up တစ်ယောက်အနေနဲ့ မြန်မာနဲ့ဗီယက်နမ် နှစ်နိုင်ငံဆက်ဆံရေးက ကျွန်မရဲ့ တာဝန်လို့ယူဆထားပါတယ်။-မြန်မာပရိသတ်တွေကို ဘာပြောချင်ပါသလဲ။မြန်မာနိုင်ငံကို ပထမဆုံးရောက်လာတဲ့အချိန် လေဆိပ်မှာ ရရှိခဲ့တဲ့ လှိုက်လှိုက်လှဲလှဲကြိုဆိုမှုတွေကြောင့်မို့ အရမ်းကိုကျေနပ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှု စိတ်မပျက်ရအောင် ကြိုးစားသွား ပါမယ်။ နောင်တစ်ချိန် ပြန်လာတဲ့အခါကျရင်လဲ ဒီလိုမျိုး လှိုက်လှဲတဲ့ကြိုဆိုမှုတွေနဲ့ကြိုဆိုကြပါဦး။ မြန်မာပရိသတ်တွေကိုလဲ အရမ်းချစ်ပါတယ်။ အားပေးကြပါဦးရှင်။
No comments:
Post a Comment